ဗိုလ်ချုပ်နှင့် အမေစုသို့ ဂုဏ်ပြုကဗျာ
ပြည်သူ့အားမာန်
>> နှောင်းအဖြစ်က ဟောင်းရစ်ခါ ကျန်ခဲ့ပြီမို့
အသစ်စမှာ ချစ်ကြဖို့ရယ်ကြောင့်
အရင်လို ထင်သလို မလုပ်ပါနဲ့
စိတ်လျော့ပါ အမောင်စစ်သား ။ ။
>> အမျိုးယုတ် ဂုတ်သွေးစုပ်တွေကြောင့်
မတိုးတက်ခဲ့ တို့တွေတိုင်းပြည်မှာလ
ဒီအချိန် အခွင့်အရေးပေသာမို့
ကြိုးစားစမ်းမောင်...။ ။
>> ဒီအချိန် လူ့အခွင့်အရေးရယ်မဆိုပါဘူး
ဆင်ခြင်ပါ ပြည်သူတွေဟောက်ဟန်းတဲ့စိတ်မျိုး
ဗိုပ်ချုပ်ရယ် အတုယူဖို့ကောင်းလိုက်ပါဘိ
မျိုးချစ်စိတ်မှန်....။ ။
>> ပြန်စစ်ကာ အရင်းရှာကြည့်ပေတော့
ကျန်ရစ်တာ အမေစုပေမို့
ပြည်မသာ မညီညာတာ သာဓက ရှိခဲ့ဖူး
ဒီတစ်ခါစည်တော်သံ အမှန်ကြားချင်ပေါ့
ပြည်သူ့အားမာန်....။ ။
အမည်မသိ အခုခေတ်စာဆို